ကြယ်လေးရယ်...........................
ငါ့ရဲ့ အတ္တတွေအတွက်
မင်းကို ကြွေစေလိုတာမဟုတ်ပါဘူး
ငါလိုချင်တာရဖို့ အတွက်လည်း
မင်းရဲ့ ၀ိဥာဏ်ကို မစတေးခိုင်းရက်ပါဘူး
မင်းရဲ့ အလင်းတန်းလေးတစ်ခုက
ငါ့ရဲ့ ဆုတောင်းလေးကို အသိအမှတ်ပြုပေးတယ်ဆိုရင်ပဲ
ငါ့ရဲ့ ညတွေအသက်ဝင်သွားမှာပါ
ကြယ်လေးရယ်............................